My Perspectives on TLAS for VPA process in Myanmar ( 24th Jan 2021 at National MSG Meeting organized by MERN (FAO Project)

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)

၁။      VPA & MFCC background Information

(က)   MFCC သည် FLEGT – VPA လုပ်ငန်းစဉ်ကို အထောက်အကူပြုအဖွဲ့အစည်းဖြစ်ပါသည်။

(ခ)     ၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် EU FLEGT VPA ကိစ္စဆိုင်ရာလုပ်ငန်းစဉ်များကို Video Conference ဖြင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ MFCC မှ တာဝန်ရှိသူ (၃)ဦး ပါဝင်၍ တရားဝင်စတင်ဆွေးနွေးခဲ့ပါသည်။ ယင်းအစည်းအဝေးသည် FLEGT-VPA ၏ အစဖြစ်ပါသည်။

(ဂ)     ထိုမှစတင်၍ FLEGT –VPA လုပ်ငန်းစဉ်တွင် အထောက်အကူဖြစ်စေရန်၊ TLAS နှင့်ပတ်သက်၍ အခြေခံအဆောက်အအုံများ ရနိုင်သမျှတည်ဆောက်မည်ဟူသော ဦးတည်ချက်ထားပြီး စွမ်းဆောင်နိုင်သမျှ စွမ်းဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့်သာ ဆောင်ရွက်ခဲ့ပါသည်။

(ဃ)   TLAS နှင့်ပတ်သက်၍ အဓိကကျသောအချက်များမှာ-

         -        Legality Definition

         -        Legality Definition ကို 3 –Key Stakeholder ဖြင့်ဆွေးနွေးအတည်ပြုရန်ဖြစ်ပါသည်။

(င)     Legality Definition သည် နိုင်ငံအလိုက်ကွဲပြားမှုများရှိနိုင်သော်လည်း အခြေခံကျောရိုး များကွာခြားမှုမရှိသည့်အတွက် MFCC အနေနှင့် Technical ရှုထောင့်အရ အတတ်နိုင်ဆုံး ပြည့်စုံစွာရေးဆွဲထားခြင်းအားဖြင့် VPA Negotiation အရ Definition ဆောင်ရွက်ရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ခဲ့ပါသည်။

(စ)     ၂၀၁၆-၁၇ ခုနှစ်တွင် MTLAS Gap Analysis Project ပွင့်လင်းမြင်သာလွတ်လပ်စွာဆောင်ရွက် ခဲ့ပြီး Project ၏ International Consultant မှလည်း Legality Definition ကို Multi- Stakeholder ဆွေးနွေးမှုဖြင့် သုံးသပ်သတ်မှတ်ရန် အကြံပြုခဲ့ပါသည်။ MFCC မှအဆိုပါ Project သုံးသပ်ချက် Gap များကို ပြည်ထောင်စုဝန်ကြီးဌာန(MONREC)သို့ တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးဌာနမှလည်း ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပါသည်။ အဆိုပါ Project ကို FAO-EU FLEGT Programme အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

(ဆ)   Legality Definition ကို Stakeholder Consultation ဖြင့်ဆွေးနွေးအတည်ပြုရန် ကိစ္စများမှာ ဘဏ္ဍာရေးအပါအဝင် လိုအပ်ချက်များစွာရှိခဲ့သည့်အတွက် FAO-EU FLEGT Programme ထောက်ပံ့မှုဒုတိယအကြိမ်လျှောက်ထားခဲ့ရာ ပထမအဆင့်တွင် အတည်ပြုခဲ့ပြီး နောက်ဆုံး 

 

အဆင့်တွင် ပယ်ချခဲ့သောကြောင့် MFCC အနေဖြင့် ဆက်လက်မဆောင်ရွက်နိုင်ခဲ့ပါ။ MFCC သည် မြန်မာနိုင်ငံ၏ FLEGT-VPA လုပ်ငန်းစဉ်အတွင်းမှဆောင်ရွက်ရန် တနည်းအားဖြင့် FLEGT-VPA လုပ်ငန်းစဉ်ကဖွဲ့စည်းထားသော MSG ကို Stakeholder Platform အဖြစ်ဟု အသုံးပြုလိုခဲ့ပါသော်လည်း ဖြစ်မလာခဲ့ပါ။

၂။      လက်ရှိ MTLAS အခြေအနေ

(က)   ၂၀၁၆-၁၇ ခုနှစ်ကဆောင်ရွက်ခဲ့သော Gap Analysis Project မှ ဖော်ပြခဲ့သော Gap များကို ဖြည့်ဆည်းနိုင်ခဲ့သည်များရှိသလို ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ရန်ကိစ္စများလည်း ကျန်ရှိ နေပါသည်။ (ဥမာ- Legality Definition)

According to the Report “ Evaluation of the Myanmar CoC Dossier and MTLAS” by Christian Sloth and Kyaw Htun, recommendation was made to MFCC as follows:  ( 2019)

Based on the findings of the MTLAS Standard 2013, as well as the Audit Forms 2019, it is recommended that MFCC establishes a process to review ands revise the MTLAS Legality verification standard ( and the definition of legality used), including a multi-stakeholder process to allow for broad input to definitions and contents:

       

(ခ)     MTLAS System Document များပြုစုနိုင်ခဲ့ပါသည်။ Certification Body (CB) များသင်တန်း ပေးဖွဲ့စည်းနိုင်ခဲ့ပါသည်။ CB များမှာ Accreditation များရရှိရန် ဆက်လက်ဆောင်ရွက်ဆဲ ပါသည်။

(ဂ)     MTLAS မှာ ၂၀၁၃ ခုနှစ်ကပြဌာန်းခဲ့သော်လည်း ယခုအချိန်တွင် (၇) နှစ်ခန့်ရှိပြီဖြစ်၍ Version II အတွက် Review & Revise ကို MFCC- TWG မှစတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ MTLAS Version II Draft ပြီးစီးခဲ့ပါသည်။

(ဃ)   အဆိုပါ MTLAS Version II ၏ Initial Review အတွက် WWF ၏အစီအစဉ်ဖြင့် International Consultant ကိုငှားရမ်းဆောင်ရွက်ခဲ့ပါသည်။ Consultant မှ Desk Review များပြုလုပ်နေပြီး Stakeholder Interview အတွက် MSG Member များ၏စာရင်းကိုလည်း ပေးပို့ထားပါသည်။

(င)     COVID-19 ရောဂါအခြေအနေအရ MOHS ၏ခရီးသွားကန့်သတ်မှုများ လျှော့ချပါက Stakeholder Consultation Workshop ဆောင်ရွက်ရန်လည်း အစီအစဉ်ရှိပါသည်။

၃။      MFCC ၏ယုံကြည်ချက်နှင့်သဘောထား

(က)   Legality Definition ကိစ္စအား Multi-Stakeholder Consultation ဖြင့် ဆောင်ရွက်ရမည်ကို အပြည့်အဝယုံကြည်ထောက်ခံပါသည်။

(ခ)     လက်ရှိ MFCC မှပြုစုထားသော Legality Definition ကို FLEGT-MSG မှလိုအပ်သလို တည်းဖြတ်ဖြည့်စွက်ပြင်ဆင်သောလမ်းစဉ်နှင့်သွားမည်ဆိုပါက အချိန်ကုန်၊ ငွေကုန်သက်သာ ပြီး အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။ FLEGT-MSG မှ လိုအပ်သလိုဖြည့်စွက်ပြင်ဆင်ခြင်း ကိုလည်း MFCC အနေဖြင့် ကန့်ကွက်ရန်အကြောင်းမရှိပါ။

          MFCC မှပြုစုထားသော  General Definition of legal timber :

''Timber harvested by authorized agency from approved areas, and timber and timber products extracted, transported, manufactured and exported in accordance with the laws, regulations and procedures pertaining to forestry, timber industry  and trade of  Myanmar.''  

(ဂ)     EU သည် အခြေခံအားဖြင့်အထက်ပါ Legality Definition ကိုလက်ခံခဲ့ပါသည်။ Legality Definition အား MSG မှအဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုသော ရပ်တည်ချက်ထားရှိပါသည်။ Legality Definition ဖော်ဆောင်နေချိန် တနည်းအားဖြင့် Due Diligence အရ သစ်တောထွက်ပစ္စည်း များတင်သွင်းခြင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိပါ။ လက်ရှိ Ongoing Business အတွက် Risk Mitigation ကို အထောက်အကူပြုရန်အတွက်ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ 

(ဃ)   MFCC သည် မူလကတည်းက စင်ပြိုင် TLAS လုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်ဘဲ FLEGT-VPA ကို အထောက်အကူပြုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း နိုင်ငံ အကျိုးအတွက် စဉ်းစားကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။

 

                                                              ဦးဘာဘာချို

 အတွင်းရေးမှူး

 မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကောမတီ

Comments